Knowledge

blog photo
  • 2024-12-26

ဘိုးဘွားပိုင်မြေအား အမည်ပြောင်းခြင်း

ဘိုးဘွားပိုင်မြေအား အမည်ပြောင်းလဲခြင်း....

အမည်ပြောင်း လျှောက်ထားရာတွင် ပါဝင်ရမည့် အချက်အလက်များ

 📘 ဘိုးဘွားပိုင်မြေများကို အမည်ပြောင်းလျှောက်ထားလာပါက အောက်ဖော်ပြပါ အတိုင်း အမျိုးအစားများခွဲခြား၍ လက်ခံဆောင်ရွက်ပေးလျက်ရှိပါသည်။

(၁) အမည်ပြောင်း၊
(၂) ဦးပိုင်ခွဲအမည်ပြောင်း(ဦးပိုင်တစ်ခုကို ခွဲစိတ်၍ အမည်ပြောင်းလျှောက် ထားခြင်း)
(၃) အမည်ဖြည့်စွက်ခြင်း(မူလအမည်ပေါ်က်အပြင် နောက်ထပ်တစ်ဦး၊ နှစ်ဦးအမည်ဖြင့် အမည်ထပ်မံဖြည့်စွက်လျှောက်ထားခြင်း)
(၄) အမည်ပယ်ဖျက်ခြင်း(မူလနှစ်ဦး၊ သုံးဦးအမည်ပေါက်မှ တစ်ဦးဦးအား ပယ်ဖျက်ပေးရန် လျှောက်ထားခြင်း)။
 

📘 ဘိုးဘပိုင်မြေအမည်ပြောင်း လျှောက်ထားရာတွင် အောက်ဖော်ပြပါ စာချုပ် စာတမ်းများနှင့် အထောက်အထားများ လိုအပ်ပါသည်-

(၁) လျှောက်ထားသူ၏ မှတ်ပုံတင်မိတ္တူမှန်၊
(၂) မြေပုံ၊ မြေရာဇဝင်မူရင်း၊
(၃) အမွေဆက်ခံခြင်းဖြစ်ပါက အဆင့်ဆင့်အမွေဆက်ခံမှုစာချုပ်စာတမ်း မိတ္တူ၊
(၄) အရောင်းအဝယ်ဖြစ်ပါက အဆင့်ဆင့်အရောင်းအဝယ်ပြုလုပ်သည့် မှတ်ပုံတင် စာချုပ်မိတ္တူမှန်၊
(၅) အပေး၊ စွန့်လွှတ်၊ အမည်ပြောင်းဖြစ်ပါက မှတ်ပုံတင်ပေးကမ်း စွန့်လွှတ် စာချုပ်မိတ္တူမှန်၊
(၆) တရားရုံးဒီဂရီ(သို့မဟုတ်) တရားမပုံစံ(၁၀၆) (တရားရုံးမှအမည်ပြောင်း ပေးရန်အကြောင်းကြားစာ)
(၇) အမည်ပေါက်သေဆုံးပါက သေစာရင်းမိတ္တူမှန်၊
(၈) အိမ်ထောင်စုဇယား မိတ္တူမှန်၊
(၉) အဆောက်အဦဓါတ်ပုံ၊
(၁၀) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ထောက်ခံချက်။
 

 📘   အထက်ဖော်ပြပါ အထောက်အထားများဖြင့် အမှုတွဲတည်ဆောက်ပြီး သတင်းစာ ကြော်ငြာ၍ ကန့်ကွက်မှုမရှိ၊ အရှုပ်အရှင်းမရှိပါက (၁)လအတွင်း အမည်ပေါက် ဆောင်ရွက် ပေးနိုင်ပါကြောင်းဖော်ပြလိုက်ပါသည်။

#Crd_မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဦးစီးဌာန

Share this post